Thai For Burmese တည်ထောင်သူ- ထိုင်းဘာသာနည်းပြဆရာ
.
ဆရာစိုင်းခမ်းမိန်းဆိုတာ ဘယ်သူလဲ
ဘယ်သူလဲ?
ကျွန်တော်သည် Thai For Burmese တည်ထောင်သူဖြစ်ပြီး မြန်မာလူမျိုးများအတွက် ထိုင်းဘာသာကို အထူးသင်ကြားပေးနေသော ရှမ်းလူမျိုး ထိုင်းဘာသာပြဆရာတစ်ဦးဖြစ်ပါသည်။
ထိုင်းဘာသာ သင်ကြားမှုသင်ကြားမှု အတွေ့အကြုံ ၆ နှစ်ကျော်နှင့် ဘာသာပြန် အတွေ့အကြုံ ၄ နှစ်ကျော်ရှိပြီး ထိုင်းကုမ္ပဏီများနှင့် တိုက်ရိုက်ပူးပေါင်း လုပ်ကိုင်လျက်ရှိသောကြောင့် လက်တွေ့သုံးထိုင်းဘာသာစကား ကိုသာ သင်ကြားပေးပါသည်။
ထိုင်းဘာသာစကားကို မြန်မာလူမျိုးများနားလည်အောင် အရိုးရှင်းဆုံးနှင့် နားလည်ရလွယ်အောင် ကိုယ်ပိုင်သင်ရိုးနှင့်သော်၎င်း ကျောင်းသားသူ/သား တစ်ဦးချင်းစီ၏ အားနည်းချက် အားသာချက်များကို ကြည့်၍ သေချာဆွေးနွေးကာ အဆင်ပြေထိရောက်သော နည်းလမ်းများအသုံးပြုပြီး လမ်းညွှန်သင်ကြားပေးခြင်းဖြစ်ပါသည်။
မြန်မာများအတွက် ထူးခြားသော သင်ရိုး
ထိုင်းနည်းနဲ့မဟုတ်ဘဲ မြန်မာလူမျိုးများအတွက် အမြန်ဆုံး နားလည်နိုင်စေမည့် နည်းလမ်းဖြင့် သင်ကြားပေးခြင်း။
တစ်ဦးချင်း သင်ကြားမှုစနစ်(one on one)
ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့်အချိန်ဇယားအတိုင်း သင်ရိုးဆွဲ၍ အဆင်ပြေချိန်ညှိနှိင်းသင်ကြားပေးခြင်း။
စိတ်ဖိစီးမှုမရှိသော သင်ကြားမှုပုံစံ။
အတန်းသားနားလည်မှုကိုသာ ဦးစားပေးသင်ပေးသည် ဖြစ်သောကြောင့် ပျော်ရွှင်ဖွယ်စာသင်ခန်းအတွေ့အကြုံများရှိခြင်း။
ဗွီဒီယိုမှတ်တမ်း နှင့် လေ့ကျင့်ခန်းဖိုင်များရှိခြင်း။
အတန်းချိန်ပြီးသည့်နောက်တွင် သင်ခန်းစာများ ပြန်လည်လေ့လာနိုင်ရန် ဗွီဒီယိုနှင့် စာဖိုင်များ ပေးပိုပေးခြင်း။